Posts

Showing posts with the label Myanmar article / Myanmar essay

#ရင်ထဲက ဆူးတချောင်း

#ရင်ထဲက ဆူးတချောင်း #အရုပ်သည် ဖြစ်ရပ်မှန်-သက်သေခံဝတ္ထုတို *  ကျွန်တော်သည်  လူမျိုးရေးဝါဒီသမားမဟုတ်သလို လူမျိုးစွဲရှိခြင်းကိုလည်းမနှစ်သက်ပါ။ သို့သော်   ကျွန်တော်သည်  ကိုရီးယားလူမျိုးများကိုစိတ်ထဲတွင်လုံးဝမကြိုက်နှစ်သက်သည်သာမက  မုန်းတီးစိတ်များပင် လွန်ခဲ့သော၃နှစ်ကာလထိ   ကျွန်တော့်အသက်၅၀အရွယ်ထိရှိနေခဲ့ကြောင်းပထမဦးစွာဝန်ခံလိုပါသည်။ ဒါကအကြောင်းရှိပါသည်။ လွန်ခဲ့သောအနှစ်၃၀ခန့်ကကျွန်တော်နှင့်ကြုံဆုံခဲ့ဖူးသည့် ကိုရီးယားလူမျိုးအချို့ကြောင့်ပဲဖြစ်ပါသည်။ ၁၉၉၀ခုနှစ်ကကျွန်တော်အသက်နှစ်ဆယ်အရွယ်ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့ပါသည်။ ဂျပန်နိုင်ငံတိုကျိုမြို့တွင်  ကိုရီးယားလူမျိုးများစွာနေထိုင်ကြပါသည်။  မြန်မာနိုင်ငံရှိတရုတ်လူမျိုးကဲ့သို့တိုကျိုတွင်ကိုရီးယားလူမျိုးများစွာအခြေချလျက်နေထိုင်ကြပါသည်။ သမိုင်းကြောင်းများစွာဂျပန်နှင့်ကိုရီးယားသည်ထိစပ်နေပြီး  လက်ရှိအခြေအနေတွင်မြောက်ကိုရီးယားကိုဘုံရန်သူအဖြစ်ထားကာယခုတိုင်မဟာမိတ်နိုင်ငံများအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။ ယဉ်ကျေးမှုကအစ နီးကပ်စွာတည်ရှိနေပြီးအစားအသောက်ကအစများစွာတူညီကြပါတယ်။ ဂျပန်သည်၁၉၉၀ပြည...