ChatGPTကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ
ဒါလေးကတော့ ကျွန်တော်အင်တာနက်မှာဖတ်ပြီး တွေ့ရှိတဲ့ အကြောင်းအရာများနဲ့ မိမိိကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံများကို ပူးပေါင်းပြီးဖော်ပြထားတဲ့ ChatGPT ကိုအသုံးပြုပြီးဘယ်လိုပိုက်ဆံရှာမလဲ ဆိုတာလေးပဲဖြစ်သည်။ ChatGPT ကိုအသုံးပြုပြီးပိုက်ဆံရှာနိုင်မယ့်နည်းလမ်းများကတော့ 1. Writing Articlesစာများရေးသားပြီး ဝင်ငွေရှာခြင်း ဒီနည်းကိုအသုံးပြုဖို့ဆိုရင် မိမိကိုယ်တိုင်ကလည်း ကိုယ်ရေးသားချင်သည့် ဘာသာရပ်အပေါ်မှာ အတော်အသင့်ကျွမ်းကျင်တက်မြောက်မှုရှိရမည်ဖြစ်သည်။ ဥပမာ အင်္ဂလိပ်လိုရေးသားမယ်ဆိုပါစို့ မိမိကိုယ်တိုင်လည်း အင်္ဂလိပ်စာကို တက်မြောက်နားလည်ထားဖို့လိုပါသည်။ ZipRecruiter ၏အဆိုအရ၊ freelance writers များသည် chatGPT ကိုအသုံးပြုကာ ပျမ်းမျှ နှစ်စဉ် $68,690 ရရှိပြီး အပတ်စဉ် $1,000 ထက်ပို၍ ရရှိကြောင်းသိရှိရပါသည်။ ChatGPT ကို အကြမ်းဖျင်းသတင်းအချက်အလက်များရရှိဖို့နဲ့ သုတေသနပြုရန်အတွက် အသုံးပြုနိုင်ပြီး၊ ၓက စာရေးရာတွင် ပိုမိုမြန်ဆန်စေရန် ကူညီပေးပါသည်။ ဆိုလိုသည်မှာ အချိန်နည်းနည်းဖြင့် ငွေပိုရှာနိုင်သည်ဟု ဆိုလိုသည်။ သင်၏ affiliate marketing ရှာဖွေရေးဝဘ်ဆိုက်အတွက် ဆောင်းပါးများရေးခြင်း ကြော်ငြာထုတ်ကုန်များကို...