အသက်ငါးဆယ်အောက်ဝန်ထမ်းများနယ်မပြောင်းလျှင်ပင်ဆင်လစာမပေးပဲအလုပ်ထွက်ခိုင်းနေသည်။
အသက်ငါးဆယ်အောက် ဝန်ထမ်းများ နယ်ပြောင်းရန် ဖိအားပေးမှုများရှိနေပြီး မပြောင်းလျှင် ပင်စင်မပေးဘဲ အလုပ်ထွက်ခိုင်း
အသက်ငါးဆယ်အောက် Non CDM ၀န်ထမ်းများကို နယ်ပြောင်းစေရန် စစ်ကောင်စီက အတင်းအကျပ် ဖိအား ပေးမှုများရှိနေပြီး၊ မပြောင်းလိုသည့် ဝန်ထမ်းများကို ပင်စင်မပေးဘဲ အလုပ်ထွက်ခိုင်းခြင်းများရှိနေကြောင်း MPA က စုံစမ်းသိရှိရသည်။
စစ်တပ်အာဏာသိမ်းပြီးနောက် CDM ပြုလုပ်ခဲ့သည့် အစိုးရဝန်ထမ်း အများအပြားရှိရာ ၎င်းနေရာများ၌ အစားထိုးရန် ဝန်ထမ်းရှာဖွေရခက်ခဲနေချိန်၊ လုပ်ငန်းလည်ပတ်မှု နည်းပါးသည့် ဌာနများမှ ဝန်ထမ်းများအား နေရာရွှေ့ပြောင်းရန် စစ်ကောင်စီက ဖိအားပေးနေခြင်းလည်းဖြစ်သည်။
ဤသတင်းကို NPA news မှ ကူးယူဖော်ပြထားပါသည်။
Comments
Post a Comment