စာဖတ်ခြင်းရဲ့အကျိုးခုနစ်ခု

📖စာဖတ်ခြင်းရဲ့ အကျိူးကျေးဇူး ၇ ခု

🖥️ Mordern ခေတ်နဲ့အညီ လူတိုင်းနီးပါး social platform တွေပေါ်မှာပဲ အချိန်တွေကုန်ဆုံးတာများလာတာနဲ့သမျှ စာဖတ်ခြင်းဆိုတဲ့ အလေ့အထတစ်ခုကို ပိုပိုပြီး ဂရုစိုက်လေ့ကျင့်ဖို့လိုအပ်လာပါတယ်‼️🤔

📌ဒါကြောင့် စာဖတ်ဖို့ပျင်း‌ရိနေကြတဲ့ stars လေးတွေအတွက် စာဖတ်ခြင်းဟာ ဘယ်လိုကောင်းကျိုးကျေးဇူးတွေရရှိနိုင်မလဲဆိုတာ မျှဝေပေးသွားမှာဖြစ်ပါတယ်💗 

1.📚 ဖြန့်ကျက်တွေးတောတတ်လာခြင်း

👉🏻စာတွေဖတ်ပြီးတဲ့ အခါမှာ စာအုပ်ထဲကအကြောင်းအရာတွေကို လိုက်ပြီးအနက်နဲဆုံးအထိ တွေးမြင်ကြည့်ကြတတ်သလို၊ " ကိုယ်သာဆိုရင် " ဆိုတဲ့ အတွေးနဲ့ ပြန်လည်စဉ်းစားတတ်လို့ စာဖတ်များသူတွေဟာ 
ဘက်‌ပေါင်းစုံကနေ ဖြန့်ကျက်တွေးတောတတ်လာတတ်ပါတယ်✨

2.📚 စကားပြောစွမ်းရည်မြင့်မားလာခြင်း

👉🏻စာအုပ်ဖတ်သူအများစုဟာ ဖတ်ပြီးသားစာအုပ်များကို ပြန်လည်မျှဝေချင်တဲ့စိတ်ပြင်းထန်သလို စကားပြောတဲ့အခါမှာလည်း စာအုပ်ဖတ်တဲ့ အသိဉာဏ်ဗဟုသု‌တွေကြောင့် အကြောင်းအရာအချိတ်အဆက်မိမိနဲ့ စကားပြောကြွယ်ဝလာကြပါတယ်🫶🏻

3.📚 ချင့်ချိန်တတ်ခြင်း

👉🏻စာအုပ်ဖတ်တာကြာလာတာနဲ့အမျှ စာအုပ်ထဲက အကြောင်းအရာ တွေဟာ ယုတ္တိရှိ ၊မရှိ ချင့်ချိန်ပြန်လည်စဉ်းစားတတ်သလို၊ လက်တွေ့ ဘဝမှာလည်း ပြဿနာများနဲ့ကြုံလာချိန်မှာ ချင့်ချိန်စဉ်းစားတတ်ကြပြီး အကောင်းဆုံးရင်ဆိုင် ကျော်ဖြတ်နိုင်တတ်ကြပါတယ်✅

4.📚စိတ်မြန်လက်မြန်စိတ်များ နည်းပါးလာခြင်း

👉🏻စာအုပ်ဖတ်ရတာ ကြိုက်ကြသူအများစုဟာ အေးအေးဆေးဆေး နည်းမှန်လမ်းမှန်ကို အသိဉာဏ်ဗဟုသုတဖြင့် ရှာဖွေတွေ့ရှိတတ်ကြပြီး စကားပြောတဲ့အခါမှာလည်း အေးဆေးစွာ ဖြည်းဖြည်းမှန်မှန်သာ ပြောဆိုတတ်ကြပါတယ်💫

5.📚 တိတ်ဆိတ်နေရတာ သဘောကျလာခြင်း

👉🏻စာအုပ်တွေ ဖတ်တာကြာလာတာနဲ့အမျှ အချိန်ရရင် ရသလို တခြားအလုပ်တွေအစား အေးအေးဆေးဆေး ရှိတဲ့နေရာလေးမှာပဲ တစ်ယောက်ထဲစာထိုင်ဖတ်ရတာ ပိုသဘောကျတတ်ပြီး ငြိမ်သက်အေးချမ်းတဲ့ နေရာတွေကြောင့် တစ်ယောက်တည်း တိတ်ဆိတ်စွာနေရတာကို သဘောကျတတ်ကြပါတယ်⭐

6.📚 အသိမိတ်ဆွေများပေါ်မှ လေးစားမှုများ ရရှိလာခြင်း

👉🏻စာဖတ်များတဲ့ သူအများစုနဲ့ စကားလက်ဆုံပြောကြတဲ့အခါ စကားအပြောအဆိုဟာ နူးညံ့ကြပြီး ပညာသားပါပါပြောတတ်တာကြောင့် အသိမိတ်ဆွေများမှလည်း လေးစားရတဲ့ တစ်ယောက်ဖြစ်တတ်ကြပါတယ်😇

7.📚 စိတ်ထားနူးညံ့ကြင်နာတတ်လာခြင်း

👉🏻စာအုပ်တွေနဲ့ ယဉ်ပါးလာသူအများစုသည် စကားအပြောအဆိုတွင် ကြွယ်ဝယုံမက အနေအထိုင်တွေကလည်း နူးညံ့လာတတ်ပြီး ဗဟုသုတအသိပညာပြည့်စုံကြသဖြင့် စိတ်သဘောထားများပြည့်ဝလာပြီး ကိုယ်ချင်းစာစိတ်လည်းအပြည့်အဝရှိတတ်လာကြပါတယ်🥰

✅ အခုမျှဝေပေးသွားတဲ့အချက်လေးတွေကတော့ စာဖတ်ခြင်းကြောင့် တိုးတက်‌‌ပြောင်းလဲ ရရှိလာမယ့် ကောင်းမွန်တဲ့အကျင့်စရိုက်လေးတွေဖြစ်ပါတယ် stars လေးတို့လည်း အခုပဲ Online ကနေဖြစ်ဖြစ် အိမ်မှာရှိတဲ့စာအုပ်တစ်အုပ်ကိုပဲဖြစ်ဖြစ် စဖတ်လိုက်ဖို့ အကြုံပြုပါရ‌စေနော်💯💗

🙋🏻‍♀️🙋🏻‍♂️အပတ်စဉ် ဗဟုသုတအကျိုးရစေမယ့် content လေးတွေကို အမြဲ sharing လုပ်ပေးသွားမယ့် အပြင် သင်တန်းကြေးတစ်ပြားတစ်ချပ်မယူပဲ ပညာဒါနသင်တန်း‌တွေကိုပါ ဖွင့်လှစ်ပေးသွားမှာဖြစ်လို့ Page ကို like and follow လုပ်ပြီးစောင့်ကြည့်ဖို့မမေ့နဲ့နော်💗💗💗

📌Telegram Channel 

https://t.me/StarFreeEducation

#StarFreeEducation #SFE #Knowledge #Sharing #Reading #Benefits #စာဖတ်ခြင်းအကျိုးကျေးဇူး

Comments

Popular posts from this blog

အောင်မြင်မှုဆိုတာဘာလဲ

ChatGPTကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ

chatgpt နဲ့စမ်းကြည့်ရမယ့် comments promptsလေးများ