မြိတ်တနင်္သာရီအခြေအနေ

မြိတ် - တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းအား လုံခြုံရေးအရ အနီရောင်အဆင့်သတ်မှတ်

မြိတ် - တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းအား လုံခြုံရေးအရ အနီရောင်အဆင့် သတ်မှတ်ထားကြောင်းနှင့် ခရီးသွားပြည်သူများ သတိပြုသွားလာရန် တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့သတိိ‌ ပေးချက်ထုတ်ပြန်သည်။

တနင်္သာရီမြို့နယ်အတွင်း၌ စစ်ရေးတင်းမာမှု မြင့်တက်နေပြီး စစ်ကောင်စီဖက်မှလည်း လက်နက်၊လူအင်အားများ ဖြည့်တင်းနေကြောင်း၊ တော်လှန်ရေးအင်အားစုများမှလည်း လိုအပ်သည့်စစ်ရေးပြင်ဆင်မှုများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ယနေ့(ဒီဇင်ဘာ ၂၆ရက်) သတိပေးထားခြင်းဖြစ်သည်။

" မြိတ်-တနင်္သာရီ ပြည်ထောင်စုလမ်းပိုင်းက လုံခြုံရေးအရ တော်တော်ကိုသတိထားရဖို့ ရှိလာတယ်။ အဓိကက ပြည်သူတွေအတွက် သတိပေးတာပါ"ဟု တနင်္သာရီစစ်ဒေသမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အထက်ပါ အသိပေးထုတ်ပြန်ခြင်းအား လိုက်နာမှုမရှိပါက တာဝန်ဖြေရှင်းမည် မဟုတ်ကြောင်းလည်း လေးစားစွာအသိပေးအပ်သည်ဟု တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က သတိိ‌ ပေးထားသည်။

ယခုအခါ တနင်္သာရီတိုင်းအတွင်း ပြည်ထောင်စုလမ်းပိုင်းအပြင် မွန်ပြည်နယ်နှင့် ထိစပ်နေသည့်  ပြည်ထောင်စုလမ်းပိုင်း၌လည်း စစ်ရေးတင်းမာနေကြောင်း သတင်းရရှိသည်။

(တနင်္သာရီတိုင်းမှ ပြည်သူ့ကာကွယ်ရေးရဲဘော်များအား တွေ့ရစဉ်)

Comments

Popular posts from this blog

အောင်မြင်မှုဆိုတာဘာလဲ

ChatGPTကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ

chatgpt နဲ့စမ်းကြည့်ရမယ့် comments promptsလေးများ