၁၀၂၇ စစ်ဆင်ရေး (၆၁) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
၁၀၂၇ စစ်ဆင်ရေး (၆၁) ရက်မြောက်နေ့ တိုက်ပွဲသတင်းများ
ယမန်နေ့မှာ မြောက်ဦးခရိုင်ရဲစခန်းအား သိမ်းနိုင်ခဲ့ပြီး ပလက်ဝမှခဝဲဗျူဟာကုန်းအား သိမ်းယူနိုင်ရေး ထိုးစစ်ဆင်လျက်ရှိသည်။
နမ္မတူအနီး စကစတပ်စခန်း၊ကွတ်ခိုင်တပ်စခန်း ၊ကျောက်မဲ ရှိ မိုင်းငေါ့ စခန်း နေရာတွေမှာ TNLAနဲ့ စကစတို့ တိုက်ပွဲဖြစ်နေပါတယ်။
ပလက်ဝ ပွိုင့်၉၈၂ကုန်း၊ကျောက်ရစ်ကေခွဆုံ၊ ထီးချိုင့် ၄ရပ်ကွက်မှာလည်းတိုက်ပွဲဖြစ်နေပါတယ်၊လေကြောင်းကနေ လားရှိုး မိုင်းလိုင်ရွာ၊ ဂျာယာန်ရွာ ၊နမ္မတူ ခိုဖိတ်ရွာအနီး၊ ကျောက်တော်မြို့နယ်တောင်ရှည်တောင်ဗျူဟာအနီးနေရာများကို ပစ်နေပါတယ်။
လက်နက်ကြီးထိတဲ့နေရာများကတော့ ကျောက်မဲနမ့်တွေကျေးရွာနှင့် မာမိုကျေးရွာ ကွတ်ခိုင်တုံဆင်ကြီးကျေးရွာ လားရှိုး မန်ပိန်း ကျေးရွာ မြောက်ဦး ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်များရှိရာ မြောက်ဦးမြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် လေးမြို့စားကျေးရွာ၊ ထမ္မရာဇ်ရပ်ကွက်တို့ဖြစ်ပီး စကစရုံးတွေမီးလောင်ပျက်စီးခဲ့ပါတယ်။
စစ်သင်္ဘောများကနေပစ်လို့ လူနေရပ်ကွက်နဲ့ ခရီးသွားလှေများ ပျက်စီးခဲ့ကြောင်းသတင်းထုတ်ပြန်ထားပါတယ်။[
Comments
Post a Comment