ယာယီသမ္မတ၊ ဝန်ကြီး ဦးရည်မွန်နှင့် KIAအရာရှိစစ်သည်နှင့် ဂေါရခါးတပ်ဖွဲ့များ ရှေ့တန်းတစ်နေရာ၌ တွေ့ဆုံ

▪️ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ် စစ်တောင်းမြစ်အနောက်ကမ်းရှိစစ်မြေပြင်မှရဲဘော်များနှင့်သွားရောက် တွေ့ဆုံ
▪️စစ်အာဏာရှင်အဆုံးသတ်ရေး စစ်ဆင်ရေးများ အရှိန်မြှင့်မည်ဟု အသိပေးထားချိန် NUG ခေါင်းဆောင်များ စစ်မြေပြင်သို့ သွားရောက်
သက်ဝေ/People’s Spring
အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ကာကွယ်ဝန်ကြီး ဦးရည်မွန်၊ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) အရာရှိ စစ်သည်များ၊ ဂေါ်ရခါးတပ်ဖွဲ့တို့ စစ်မြေပြင် ရှေ့တန်းတစ်နေရာ၌ တွေ့ဆုံခဲ့သည့် ဓာတ်ပုံများ ယနေ့ ထွက်ပေါ်လာခဲ့သည်။
Jithu Magar အမည်ရှိ Facebook အကောင့်တွင် ယာယီသမ္မတ၊ ဝန်ကြီးဦးရည်မွန်နှင့် KIA အရာရှိ၊ KIA ဂေါ်ရခါးတပ်ဖွဲ့တာဝန်ရှိနှင့် စစ်သည်များတွေ့ဆုံခဲ့သည့် ပုံကို ဖော်ပြထားခြင်းဖြစ်သည်။
အဆိုပါ အကောင့်အသုံးပြုသူသည် လိုင်ဇာအနီး နမ့်ဆန်ယန်စစ်မြေပြင်၌ တာဝန်ထမ်းဆောင်နေပြီး KIA ဂေါ်ရခါးတပ်မှ တပ်မှူးတစ်ဦးဟု ယူဆရသူဖြစ်ကြောင်းကို ယခင် ၎င်းဖော်ပြခဲ့သည့် ရေးသားမှုများ၌ တွေ့ရသည်။
ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီးတို့နှင့် တွေ့ဆုံမှု အခြေအနေကို အဆိုပါ ဓာတ်ပုံဖော်ပြခဲ့သူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်သည်။
"ဆောင်းလေက ချမ်းစိမ့်ရုံပါပဲ။ ရင်ဘတ်ခြင်းတူတော့ အနွေးဓာတ်က ကူးတယ်။ နေ့ရက်သစ်သို့ ခွန်အားသစ်တို့ ဆောင်ယူခဲ့တယ်။ ကျေးဇူးပါ ဒီဇင်ဘာ"ဟု Jithu Magar အကောင့်တွင် နွယ်အောင်အမည်ဖြင့် ရေးသားပြီး ဓာတ်ပုံများကို ဖော်ပြထားသည်။
ယာယီသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့သည် အဆိုပါ ရှေ့တန်းစခန်းတွင် ရဲဘော်များနှင့် စုဝေးတွေ့ဆုံခြင်း၊ အမှတ်တရဓာတ်ပုံ ရိုက်ကူးခြင်းတို့ကိုတွေ့ရပြီး နွေဦးတော်လှန်ရေးအစ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှုကို စတင်ဦးဆောင်ခဲ့သည့် ဒေါက်တာ တေဇာဆန်းကိုပါ ဓာတ်ပုံမှတ်တမ်း၌ တွေ့ရသည်။
ယခု ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီးနှင့် KIA အရာရှိစစ်သည်များ၊ ဂေါ်ရခါးတပ်ဖွဲ့ အရာရှိစစ်သည်များတွေ့ဆုံရာ အဆောက်အဦး နေရာသည် အောက်တိုဘာ ၂၄ရက်က ဂေါ်ရခါးလူမျိုးများ၏ အခါကြီးရက်မြတ် (ဒါစရာ)ပွဲတော် ရက်တွင် KIA အရာရှိ ဒုဗိုလ်မှူးကြီး ဒူကဘာလရန်ဇော်နော်နှင့် ဒူကဘာဘရန်ရှောင်တို့မှ ဂေါ်ရခါးစစ်သည်ရဲဘော်များ တိုက်ပွဲတိုင်းတွင် အနိုင်ရ၍ ဂေါ်ရခါး အဘိုးအဘေးတို့၏ သီလသစ္စာဘုန်းတန်ခိုးဂုဏ်ဒြပ်တို့ ရစိမ့်ခံစားစေခြင်း ဆုတောင်းပွဲ ပြုလုပ်ခဲ့သည့်နေရာ ဖြစ်သည်ကို ဓာတ်ပုံမှတ်တမ်း တိုက်ဆိုင်စစ်ဆေးမှုအရ တူညီနေသည်ကို တွေ့ရသည်။
ယာယီသမ္မတ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်တို့ကိုရှေ့တန်းစစ်မြေပြင်၌ ပထမဆုံးအကြိမ် အတူတကွ တွေ့ဆုံရသည့် ဓာတ်ပုံလည်းဖြစ်သည်။
ယခင်က ယာယီသမ္မတနှင့် ကာကွယ်ရေးဝန်ကြီးတို့ ရှေ့တန်းစခန်းများကို သီးခြားစီသွားရောက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများ တွေ့ရခဲ့သည်။
အလားတူ ပြည်ထဲရေးနှင့်လူဝန်မှုကြီးကြပ်ရေးဝန်ကြီးဌာနဝန်ကြီး၊ ပြည်သူ့လုံခြုံရေးနှင့်ကာကွယ်ရေးကောင်စီ အဖွဲဝင် ဦးလွင်ကိုလတ်သည် စစ်တောင်းမြစ်အနောက်ကမ်းရှိ စစ်မြေပြင်မှ စစ်ကြောင်းများထံသွားရောက်ပြီး အားပေးစကားပြောကြားခဲ့ကြောင်း NUG၏ သတင်းပြန်ကြားရေး PVTVက ဓာတ်ပုံမှတ်တမ်းများ နှင့်အတူ ထုတ်ပြန်သည်။
အဆိုပါ တွေ့ဆုံမှုတွင် ကာကွယ်ရေးဝန်ကြီးဦးရည်မွန်၏ အမှာစကားနှင့် လမ်းညွန်မှုများကိုလည်း စစ်ကြောင်းမူးများနှင့်ရဲဘော်များကိုပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။
ထို့နောက် စစ်ဒေသတာဝန်ရှိသူများနှင့် ၂၀၂၃ စစ်ဆင်ရေးရည်မှန်ချက်များအကောင်အထည် ဖော်မှုကို သုံးသပ်ဆွေးနွေးမှုများပြုလုပ်ခဲ့ကြောင်း အသိပေးသည်။
စစ်ဆင်ရေးဖော်ဆောင်နိုင်မှုများနှင့် တိုးတက်မှုများသည် မဟာမိတ် KNLA၏ဦးဆောင်ကွပ်ကဲမှုနှင့် PDF စစ်ကြောင်းများရဲ့အမိန့်နာခံမှု တိုက်စွမ်းရည်ပြည့်ဝမှုတို့ ကြောင့်အဓိကဖြစ်ကြောင်းနှင့် မဟာမိတ်ဆက်ဆံရေးသည် စစ်ကောင်စီအပြီးသတ်ချေမှုန်းရေးအတွက် အဓိကကျတဲ့ အောင်နိုင်ရေးသော့ချက်ဖြစ်သကဲ့သို့ ဖက်ဒရယ်နိုင်ငံတည်ဆောက်ရေးအတွက်လည်း အရေးကြီးကြောင်း ပြည်ထဲရေးဝန်ကြီးက ပြောကြားခဲ့သည်ဟု ထုတ်ပြန်သည်။
ထို့ကြောင့် မဟာမိတ်ဆက်ဆံရေး ပိုမိုကောင်းမွန် လာရေးသည် တော်လှန်ရေးအောင်မြင်မှုနှင့်တိုက်ရိုက်အချိုးကျ၍ တာဝန်ရှိ ခေါင်းဆောင် များအကြားတွင်သာမက ကွပ်ကဲရေးမူးများကြား ရဲဘော်များအကြားမှာပါ အချင်းချင်းယုံကြည်မှုများ တိုးတက်နေအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်ဟု ဖော်ပြထားသည်။
ထိုနောက် ဒုစစ်ဒေသမူးရဲဘော်တင်ဦးအပါ အဝင် စစ်ကြောင်းတာဝန်ရှိသူများနှင့် စစ်ဆင်ရေးတိုးမြှင့်ဆောင်ရွက်နိုင်ရေး ကိစ္စရပ်များ၊ NUGမှ ဖြည့်ဆည်းဆောင်ရွက်ရမည့် လိုအပ်ချက်များကို ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း ထုတ်ပြန်သည်။
(ယာယီသမ္မတ၊ ဝန်ကြီး ဦးရည်မွန်တို့ ရှေ့တန်းတနေရာ၌ တွေ့ဆုံနေစဉ်နှင့် ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်တို့ စစ်မြေပြင်ရှိ PDF ရဲဘော်များအား သွားရောက်တွေ့ဆုံနေစဉ်။ ဓာတ်ပုံ - Jithu Magar၊ ပေးပို့)

Comments
Post a Comment