knla နဲ့ lion battalion တို့ပြန်လည်၍ပူးပေါင်းလိုက်ပြီ
Lion Battalion Commando စစ်ကြောင်း KNLA တပ်မဟာ ၆ လက်အောက်ခံစစ်ကြောင်းအဖြစ် ပြောင်းလဲ
ဗိုလ်အယ်စေးဝါး ဦးဆောင်တဲ့ Lion Battalion Commando စစ်ကြောင်းအား KNLA တပ်မဟာ (၆) လက်အောက်ခံစစ်ကြောင်း အဖြစ်သို့ တရားဝင်ကူးပြောင်းလိုက်ပြီဖြစ်တယ်လို့ တရားဝင်ထုတ်ပြန်လိုက်ပါတယ်။
Lion စစ်ကြောင်းဟာ အရင်က KTLA ကော်သူးလေစစ်တပ် ရဲ့ လက်အောက်ခံ စစ်ကြောင်း ၁ ကြောင်းဖြစ်ခဲ့ပြီး ဒီနေ့ကစလို့ KNLA ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၆) ရဲ့ ကွပ်ကဲမှု လက်အောက်ခံ တပ်ဖွဲ့အဖြစ် ပြောင်းလဲ ခံယူလိုက်တယ်လို့ ဆိုပါတယ်။
ရှေ့ဆက်ဆောင်ရွက်မယ့် စစ်ရေးတာဝန်များကို KNLA တပ်မဟာ (၆) ရဲ့ အမိန့်ပေးကွပ်ကဲမှု ပုံစံအောက်မှာ တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များနဲ့ အတူ ပူးပေါင်း သွားမယ်လို့ ဆိုပါတယ်။
Comments
Post a Comment