တရားတော်မှ မှတ်သားစရာများ
သန္ဒိဋ္ဌိပရာမာသ-အယူသည်းခြင်း ဒီပုဒ်မှာ သန္ဒိဋ္ဌိဆိုတာက မိမိအယူပဲ။ပရာမာသဆိုတာ က မှားယွင်းစွာသုံးသပ်ခြင်းပဲ။သဒ္ဒါအနက်အားဖြင့် မိမိ အယူကိုမှားယွင်းစွာသုံးသပ်ခြင်းလို့အနက်ရှိပါတယ်။ ဒါပေမယ့်သူကတစ်ပုဒ်တည်းမဟုတ်ဘူး။အာဓာနဂ္ဂါဟ မြဲမြံစွာယူခြင်းဆိုတဲ့ပုဒ် ဒုပ္ပဋိနိဿဂ္ဂ စွန့်လွှတ်နိုင်ခဲခြင်း ဆိုတဲ့ပုဒ်များနှင့်တစ်ပေါင်းတည်းဟောထားတယ်။အဲဒီ သုံးပုဒ်လုံးဟာမိမိအယူမှားကို မစွန့်လွှတ်နိုင်ခြင်းဆိုတဲ့ အနက်ကိုပြတယ်။ဒါကြောင့် အယူသည်းခြင်းလို့ အတို ချုပ် ဝေါဟာရအနက် ပြန်ထားခြင်းဖြစ်ပါတယ်။"ဒီအယူ သည်းခြင်းဟာ မဂ္ဂန္တရာယ်ဒိဋ္ဌိ ဖြစ်တယ်။ဒါကြောင့် ဒီဒိဋ္ဌိ ကို အသီးအခြားဟောထားတယ်" လို့ အဋ္ဌကထာက မိန့်ဆိုထားပါတယ်။မြတ်စွာဘုရား ဟောတော်မူပုံ ကတော့ တစ်ပါးသောပုဂ္ဂိုလ်တို့သည် မိမိအယူကိုသာအမှန်ဟု ဖောက်ပြန်မှားယွင်းစွာသုံးသပ်ကုန်သည် မြဲမြံစွာယူလေ့ ရှိကုန်သည် စွန့်လွှတ်နိုင်ခဲကုန်သည် ဖြစ်ကုန်လတံ့။ ဤအရာ၌ ငါတို့သည် မိမိအယူကိုသာမှားယွင်းစွာ မသုံးသပ်ကုန်သည် မြဲမြံစွာယူလေ့မရှိကုန်သည် သင့်လျော်သောအကြောင်းကိုတွေ့ရလျှင်စွန့်လွှတ် လွယ်ကြကုန်သည်ဖြစ်ကုန်အံ့ဟူ၍ကိလေသာကိုခေါင်း ပါးစေသောအကျင့်ကို ပြုကျင့်အပ်၏။ သူများတွေက ကိုယ့်အယ...