သတိတစ်လုံးကိုသာအားကိုးပါ
✿ သတိ
______________
ဘာအမှုနှင့်တိုးတိုး ...
သည်သတိတစ်လုံးကိုသာ အားကိုးအားထားပြုပါသော်
ပြင်ပက လိမ်သွင်းသော မှုခင်းလက်ကျန်မရှိ ရှင်းစေ့မည်။
အတွင်းကနေ လိမ်ထုတ်သောအရှုပ် ကျူပင်ခုတ်သို့ မျိုးပြုတ်စေ့မည်။
သတိသည် လောကုတ်၌
တရားသူကြီးကဲ့သို့ အားကိုး လုပ်သင့်သောအရာ။
ထိုသို့ လောကီဘက်၊ လောကုတ်ဘက် ဘယ်နေရာတွက်တွက်
နှစ်ဖက်ရ သန်လျက်ဓားသွားပမာသောသတိကို
ဣရိယာပုတ်လေးပါး အကြားအလပ်မရှိ
တစ်ခုလပ်၊ နှစ်ခုလပ် အဖြစ်ဖြင့်ပင်
ဘယ်နေရာမှာမှ ပြတ်စဲခြင်းမရှိသော အဖြည့်ကြောင့်
အားပြည့်အင်ပြည့် ဘာနှင့်ဖက်သုံးသုံး
အတိုးနှုန်း အဆုံးအရှုံးမရှိ။
#မဟာဗောဓိမြိုင်ဆရာတော် #သြဝါဒ
#သတိ ဒိန္နကထာ #ငြိမ်းချမ်းသာ စုစည်းပူဇော်သည်
#သုဝဏ္ဏသျှမ် #စာဖတ်သူတစ်ယောက်၏မှတ်စုများ
Comments
Post a Comment