Posts

သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ သတ္တဝါဟာ တစ်ဘဝမှတစ်ဘဝသို့ ပြောင်းလဲကာ အမြဲတည်ရှိနေသည်ဟု ထင်တာယူတာက သဿတဒိဋ္ဌိတဲ့။အသက်ကောင် အတ္တကောင်ဆိုတဲ့ သတ္တဝါဟာ ပျက်စီးခြင်းမရှိဘူး။ရုပ်ကိုယ်ကြမ်းကြီးက ပျက်ပြီးသေသွားပေမယ်လို့ သူကတော့ မပျက်ဘူး။ခန္ဓာ အိမ်အသစ်မှာရွှေ့ပြီးတည်နေတာပဲ။ဘယ်တော့မှ မပျက်ဘူး။သူ့ကိုပျက်အောင်လဲမလုပ်နိုင်ဘူး။ ကမ္ဘာပေါင်း အသင်္ချေမက ပျက်သွားသော်လဲ သူကတော့ မပျက်ဘူး။တည်မြဲတည်ရှိနေတာပဲလို့ ထင် မြင်ယူဆတာက သဿတဒိဋ္ဌိတဲ့။ကဲ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။ သတ္တဝါဟာ တစ်ဘဝမှ တစ်ဘဝသို့ပြောင်းလဲကာ အမြဲတည်ရှိနေသည်ဟု ထင်တာယူတာက သဿတဒိဋ္ဌိ။(ဆို) ဒီသဿတဒိဋ္ဌိကလဲ ကံကိုယုံကြည်တဲ့သူတွေမှာ ကင်းခဲပါတယ်။ဟိန္ဒူတွေကတော့ အတ္တကောင် တည်မြဲ တည်ရှိနေတဲ့အကြောင်း သူတို့ကျမ်းတွေထဲမှာ သေသေချာချာဖော်ပြထားတယ်။ဘယ်လိုလဲဆိုရင် သတ္တဝါရဲ့ကိုယ်ဟာအကြမ်းနဲ့အနု ၂ မျိုးရှိတယ်တဲ့။ အကြမ်းစားခန္ဓာကိုယ်ကြီးက သေပျက်သွားပေမယ့် အနုစားအတ္တကိုယ်ကတော့ မပျက်ဘူး။အခြားခန္ဓာအိမ် အသစ်မှာရွှေ့ပြောင်းပြီးတော့ တည်မြဲပဲတည်မြဲနေ တယ်တဲ့။အဲဒီလိုခန္ဓာအိမ်အသစ်ကို လိုက်ရှာနေကြတဲ့ အခါမှာ အတ္တကောင်ကအင်မတန်သေးငယ်တယ်။ အပ်နဖားထွင်းတဲ့စူး အဖျားထက်တောင် သေးငယ် သေးတယ်။အလွန်ဝေးတဲ့အရပ်ကိုလည်း တခဏချင်း ရောက်အောင်သွားနိုင်တယ်။တောင်ကြီးတွေ တိုက်နံရံတွေကိုလည်းဖောက်ထွင်းသွားနိုင်ပါတယ်တဲ့။ အဲဒါသူတို့ယူဆထားပုံပဲ။အဲဒီလိုဆိုမှလဲ အသင့်ယုတ္တိ ရှိပေလိမ့်မယ်။ ဘာကြောင့်လဲဆိုရင် မိခင်လောင်းဖြစ်သူက အပေါက်မ ရှိတဲ့တိုက်အိမ်ထဲမှာ အိပ်နေတဲ့အခါ ဒီလိုအစွမ်းရှိမှပဲ ဖောက်ထွင်းပြီးဝင်နိုင်မယ်။ဒါကြောင့်သူတို့က နံရံဖောက်ထွင်းသွားနိုင်တယ်ဆိုတာ ကြံထားကြတာနဲ့ တူပါတယ်။ဗုဒ္ဓသာသနာဝင်တွေမှာတော့ အဲဒီလို အခိုင်အမာဆိုထားတဲ့ ကျမ်းရယ်လို့တော့မရှိပါဘူး။ ဒါပေမယ့်သုတနည်းတဲ့သူတွေက" သေတဲ့အခါ အသက်ကထွက်သွားတယ်။တစ်ခြားဌာန တစ်ခြားဘဝ မှာ ပြောင်းရွှေ့ပြီး တည်နေတယ်" လို့ပဲ အထင်ရှိနေကြပါတယ်။ရုပ်နာမ်အကြောင်းအကျိုး ဆက်စပ်ဖြစ်ပုံနှင့်စပ်ပြီး ဗဟုသုတရှိတဲ့ပုဂ္ဂိုလ်တွေမှာ တော့ ဒီသဿတအစွဲက ထင်ထင်ရှားရှားတော့မရှိပါ ဘူး။ဒါပေမယ့် ဝိပဿနာဉာဏ် မဂ်ဉာဏ်နှင့်မပြည့်စုံ သေးရင် လုံးဝကင်းပြီလို့တော့ မဆိုနိုင်သေးဘူး။ သတ္တဝါဟာသေပြီးလျှင် ဘာမျှမရှိတော့ဘဲ ပြတ်စဲသွားသည်ဟု ထင်တာယူတာက ဥစ္ဆေဒဒိဋ္ဌိတဲ့။ အဲဒါကိုဆိုကြရမယ်။ သတ္တဝါဟာသေပြီးလျှင် ဘာမျှမရှိတော့ဘဲ ပျက်စီးသွား သည်ဟု ထင်တာယူတာက ဥစ္ဆေဒဒိဋ္ဌိ။(ဆို) ဒီဥစ္ဆေဒအယူကတော့"သေပြီးလျှင်ဘာမျှမရှိတော့ဘူး လုံးလုံးပျောက်ကွယ်သွားတယ်" လို့ယူဆတယ်။ ဒီယူဆပုံထဲမှာ "သေပြီးလျှင်မရှိတော့ဘူး" လို့ဆိုတော့ "မသေခင်ကတော့ရှိနေတယ်" လို့ယူပါတယ်။အဲဒီရှိနေ တာဟာ ဘာလဲဆိုရင် အတ္တကောင်ပဲလို့ ထင်ရှားပါ တယ်။ဒါကြောင့် ဒီဥစ္ဆေဒအယူရှိတဲ့သူတွေက ရုပ်သဘောတရားမျှသာရှိတယ်လို့ ပြောနေပေမယ်လို့ အတ္တစွဲလဲသူတို့မှာ ရှိနေတာပါပဲ။ဒါကြောင့်ဒီဥစ္ဆေဒဒိဋ္ဌိ လဲ အတ္တစွဲ အတ္တဒိဋ္ဌိကို မှီပြီးဖြစ်လာတာပါပဲ။ သဿတအယူက သေပြီးတဲ့နောက်လဲ အတ္တကောင် ဟာရှိမြဲရှိနေတယ်လို့ယူဆတယ်။ဒီဥစ္ဆေဒအယူက တော့ အတ္တကောင်ဟာသေပြီးရင်ပျောက်သွားတယ် မရှိတော့ဘူးလို့ယူဆတယ်။ဒါကြောင့်ဒီအယူ၂ ခုမှာ သေပြီးရင်အတ္တရှိသေးတယ်လို့ယူတာနဲ့ မရှိတော့ဘူး လို့ ယူတာ ဒါလောက်သာ ထူးပါတယ်။မသေခင်မှာ အတ္တကောင်ရှိနေတယ်လို့ယူတာကတော့အတူတူပါပဲ။ ဒီနေရာမှာ"ငယ်ငယ်ကလေးဘဝက ရုပ်နာမ်တွေဟာ ယခုထက်တိုင်တည်နေတယ်" လို့ထင်ရင် သဿတဒိဋ္ဌိ ဖြစ်တယ်လို့ ပြောတတ်ကြတယ်။အဲဒီလိုမဟုတ်ဘူး။ အဲဒီလိုမြဲနေတယ်ထင်တာကတော့ နိစ္စသညာမျှပါပဲ။ အဲဒါကို အတ္တစွဲ အတ္တဒိဋ္ဌိလို့တော့ ဆိုနိုင်ပါတယ်။ သဿတဒိဋ္ဌိလို့တော့ မဆိုရဘူး။ဘာကြောင့်လဲဆိုရင် ဥစ္ဆေဒဒိဋ္ဌိကလဲ မသေခင်တော့ အမြဲတည်ရှိနေတယ်လို့ ထင်တဲ့အတွက်ကြောင့်ပါပဲ။ နောက်တစ်ခုကတော့ ငယ်ငယ်က ရုပ်နာမ်တွေတည်မြဲ တည်ရှိနေတယ်ထင်တာကို သဿဒိဋ္ဌိလို့ဆိုရင် ခဏမစဲပျက်ပျက်သွားကြတယ်လို့ သိတာကိုလဲ ဥစ္ဆေဒဒိဋ္ဌိလို့ ဆိုရလိမ့်မယ်။အမှန်ကတော့ အဲဒီလို ခဏမစဲပျက်ပျက်သွားကြတယ်လို့သိတာက ဆင်ခြင်ဉာဏ် ဝိပဿနာဉာဏ်ပဲ ဒိဋ္ဌိမဟုတ်ဘူး။ ဒါကြောင့် မသေခင်အတွင်း တည်မြဲနေတယ်ထင်တာ ကတော့ အဲဒီဉာဏ်၏ဆန့်ကျင်ဘက် အတ္တဒိဋ္ဌိသာမည် တယ်။သဿတဒိဋ္ဌိတော့ မဟုတ်ဘူး။အမှန်ကတော့ သေပြီးသည်တိုင်အောင် မပျက်ဘဲတည်ရှိနေတယ်ထင် ရင် သဿတဒိဋ္ဌိပဲ။သေပြီးတော့ ဘာမျှမရှိတော့ဘဲ ပျောက်ကွယ်သွားတယ်ထင်ရင် ဥစ္ဆေဒဒိဋ္ဌိပဲ။အဲဒါကို ကိန်းသေမှတ်ထားကြရမယ်။ ဒီဥစ္ဆေဒဝါဒကို ဘုရားလက်ထက်တော်က အဇိတဆိုတဲ့ ဆရာကြီးကဟောတယ်။သူဟောပုံအတိုချုပ်ကတော့ လူဟာသေတဲ့အခါ သူ့အလောင်းကို ခုတင်ပေါ်တင်ပြီး တော့ လူလေးယောက်ကထမ်းဆောင်ပြီး သင်းချိုင်းပို့ ကြတယ်။အဲဒီမှာ မီးရှို့လိုက်တဲ့အခါ ပြာဖြစ်သွားတယ်။ ဘာမျှမရှိတော့ဘူး။သူပြုထားတဲ့ ကောင်းမှု မကောင်းမှု ဆိုတာတွေရော အကုန်လုံးပျောက်သွားတယ်လို့ ဟောတယ်။ဒီအယူအတိုင်းဆိုရင် မကောင်းမှုကိုလဲ ရှောင်ဖို့မလိုဘူး။ကိုယ့်အကျိုးဖြစ်မယ်ဆိုရင် ဘာမဆို လုပ်နိုင်တယ်။အဲဒီလို လုပ်ဖို့ရာလဲ ဒီဝါဒရှင်က တိုက်တွန်းတယ်။နောက်ပြီးတော့ ကောင်းမှုကိုလဲ ပြုဖို့မလိုတော့ဘူး။ဒီဝါဒရှင်က အဲဒီမကောင်းမှုကိုလဲ မပြုဘို့ ကိုယ့်အခွင့်အရေး အဆုံးအရှုံးမခံဘို့လဲ ညွှန်ကြားတယ်။ဒါကြောင့် ဒီဥစ္ဆေဒအယူကတော့ ကံ ကံ၏အကျိုးမရှိဆိုတဲ့ ဒုစရိုက်မိစ္ဆာဒိဋ္ဌိထဲမှာ ဝင်သွားပါ တယ်။ ယခုပြောခဲ့တဲ့ သဿတဒိဋ္ဌိနဲ့ ဥစ္ဆေဒဒိဋ္ဌိကိုတော့ အကြောင်းအကျိုးသိတဲ့ သမ္မာဒိဋ္ဌိဖြင့်ပယ်ရမယ်။ ပဋိစ္စသမုပ္ပါဒ် အကြောင်းအကျိုးဆက်သွယ်ဖြစ်ပုံကို ဆင်ခြင်ပြီး သိမြင်တဲ့ဉာဏ်ဖြင့်လည်း ပယ်နိုင်တယ်။ ပစ္စယပရိဂ္ဂဟဉာဏ်ခေါ်တဲ့ ဝိပဿနာသမ္မာဒိဋ္ဌိဖြင့်လဲ ပယ်နိုင်တယ်။"အကြောင်းအကျိုး စပ်လျက်မပြတ်ဖြစ် ပျက်နေသည်ဟု သိမြင်သဘောကျတာက ဝိပဿနာ သမ္မာဒိဋ္ဌိ" တဲ့။အဲဒါကို ဆိုကြရမယ်။ အကြောင်းအကျိုးစပ်လျက် မပြတ်ဖြစ်နေသည်ဟု သိမြင်သဘောကျတာက ဝိပဿနာသမ္မာဒိဋ္ဌိ။(ဆို) အသက်ရှင်နေတဲ့ အတ္တကောင်ဆိုတာ မသေခင် မျက်မှောက်ကာလမှာလဲမရှိဘူး။သေပြီးတဲ့နောက်ကာ လမှာလဲ မရှိဘူး။ဒါဖြင့် ရှိနေတာက ဘာလဲ ဘာကရှိနေ တာလဲဆိုရင် အကြောင်းအကျိုး ဆက်စပ်ပြီးဖြစ်နေတဲ့ ရုပ်နာမ်အစဉ်သာရှိတယ်။အဝိဇ္ဇာအစရှိသော အကြောင်းတရားတွေကြောင့် မပြတ်ဖြစ်နေတဲ့ ဝိညာဏ် နာမ်ရုပ်အစရှိသော သဘောတရားမျှသာ ရှိတယ်။ မဟာစည်ဆရာတော်ဘုရားကြီး သလ္လေခသုတ်တရားတော်ကြီး(ဒုတိယတွဲ)

သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိ သတ္တဝါဟာ တစ်ဘဝမှတစ်ဘဝသို့ ပြောင်းလဲကာ အမြဲတည်ရှိနေသည်ဟု ထင်တာယူတာက သဿတဒိဋ္ဌိတဲ့။အသက်ကောင် အတ္တကောင်ဆိုတဲ့ သတ္တဝါဟာ ပျက်စီးခြင်းမရှိဘူး။ရုပ်ကိုယ်ကြမ်းကြီးက ပျက်ပြီးသေသွားပေမယ်လို့ သူကတော့ မပျက်ဘူး။ခန္ဓာ အိမ်အသစ်မှာရွှေ့ပြီးတည်နေတာပဲ။ဘယ်တော့မှ မပျက်ဘူး။သူ့ကိုပျက်အောင်လဲမလုပ်နိုင်ဘူး။ ကမ္ဘာပေါင်း အသင်္ချေမက ပျက်သွားသော်လဲ သူကတော့ မပျက်ဘူး။တည်မြဲတည်ရှိနေတာပဲလို့ ထင် မြင်ယူဆတာက သဿတဒိဋ္ဌိတဲ့။ကဲ အဲဒီဆောင်ပုဒ်ကို ဆိုကြရမယ်။ သတ္တဝါဟာ တစ်ဘဝမှ တစ်ဘဝသို့ပြောင်းလဲကာ အမြဲတည်ရှိနေသည်ဟု ထင်တာယူတာက သဿတဒိဋ္ဌိ။(ဆို) ဒီသဿတဒိဋ္ဌိကလဲ ကံကိုယုံကြည်တဲ့သူတွေမှာ ကင်းခဲပါတယ်။ဟိန္ဒူတွေကတော့ အတ္တကောင် တည်မြဲ တည်ရှိနေတဲ့အကြောင်း သူတို့ကျမ်းတွေထဲမှာ သေသေချာချာဖော်ပြထားတယ်။ဘယ်လိုလဲဆိုရင် သတ္တဝါရဲ့ကိုယ်ဟာအကြမ်းနဲ့အနု ၂ မျိုးရှိတယ်တဲ့။ အကြမ်းစားခန္ဓာကိုယ်ကြီးက သေပျက်သွားပေမယ့် အနုစားအတ္တကိုယ်ကတော့ မပျက်ဘူး။အခြားခန္ဓာအိမ် အသစ်မှာရွှေ့ပြောင်းပြီးတော့ တည်မြဲပဲတည်မြဲနေ တယ်တဲ့။အဲဒီလိုခန္ဓာအိမ်အသစ်ကို လိုက်ရှာနေကြတဲ့ အခါမှာ အတ္တကောင်ကအင်မတန်သေးငယ်တယ်။ အပ်နဖားထွင်းတဲ့စူး အဖျားထက်တောင် သေးငယ် သေးတယ်။...

သတိတစ်လုံးကိုသာအားကိုးပါ

✿ သတိ ______________ ဘာအမှုနှင့်တိုးတိုး ...  သည်သတိတစ်လုံးကိုသာ အားကိုးအားထားပြုပါသော် ပြင်ပက လိမ်သွင်းသော မှုခင်းလက်ကျန်မရှိ ရှင်းစေ့မည်။  အတွင်းကနေ လိမ်ထုတ်သောအရှုပ် ကျူပင်ခုတ်သို့ မျိုးပြုတ်စေ့မည်။   သတိသည် လောကုတ်၌  တရားသူကြီးကဲ့သို့ အားကိုး လုပ်သင့်သောအရာ။   ထိုသို့ လောကီဘက်၊ လောကုတ်ဘက် ဘယ်နေရာတွက်တွက်  နှစ်ဖက်ရ သန်လျက်ဓားသွားပမာသောသတိကို  ဣရိယာပုတ်လေးပါး အကြားအလပ်မရှိ  တစ်ခုလပ်၊ နှစ်ခုလပ် အဖြစ်ဖြင့်ပင်  ဘယ်နေရာမှာမှ ပြတ်စဲခြင်းမရှိသော အဖြည့်ကြောင့်  အားပြည့်အင်ပြည့် ဘာနှင့်ဖက်သုံးသုံး  အတိုးနှုန်း အဆုံးအရှုံးမရှိ။ #မဟာဗောဓိမြိုင်ဆရာတော် #သြဝါဒ #သတိ ဒိန္နကထာ #ငြိမ်းချမ်းသာ စုစည်းပူဇော်သည် #သုဝဏ္ဏသျှမ် #စာဖတ်သူတစ်ယောက်၏မှတ်စုများ 

အောင်မြင်မှုဆိုတာဘာလဲ

#အောင်မြင်မှု ဆိုတာ သင်ပန်းတိုင်ထားသော အရာများကို ရရှိနိုင်ခြင်း၊ သတ်မှတ်ထားသော မျှော်မှန်းချက်များကို ပြည့်မှီအောင် ဆောင်ရွက်နိုင်ခြင်း ဖြစ်သည်။ #အောင်မြင်ရန် အဓိက အချက်များ ✔ #ရည်မှန်းချက်ချခြင်း – မည်သည့်အရာကို ရယူလိုသည်ကို တိတိကျကျ သိထားရန် ✔ #ကြိုးစားခြင်း –  ကြိုးစားမှု မရှိဘဲ အောင်မြင်မှု မရနိုင် ✔ #စဉ်ဆက်မပြတ် သင်ယူမှု – အသစ်အသစ်ကို လေ့လာခြင်းနှင့် တိုးတက်မှု ✔ #မအောင်မြင်မှုမှ သင်ယူမှု – ဖြစ်ပီးခဲ့သော အမှားများကို ပြန်လည်သုံးသပ်၍ ပြုပြင်ခြင်း ✔ #စိတ်ဓာတ်သန်ခြင်း – စိတ်ဓာတ်ပြည့်ဝမှုဖြင့် မည်သည့်အခက်အခဲမဆို ရင်ဆိုင်နိုင်ခြင်း #အောင်မြင်မှုသည် လူတိုင်းအတွက် အနားလည်မှုကွဲပြားနိုင်ပြီး ကိုယ်တိုင်ပဲ သတ်မှတ်ရမည့် အရာတစ်ခုဖြစ်သည်။ #အောင်မြင်ဖို့လိုရခြင်း၏ အကြောင်းများ 1. #ကိုယ့်ဘဝကို ပိုမိုတိုးတက်စေသည် လူတိုင်းသည် မိမိဘဝကို ပိုမိုကောင်းမွန်စေလိုကြသည်။ အောင်မြင်ခြင်းသည် ဘဝအဆင့်အတန်း တိုးတက်စေရုံသာမက ကိုယ့်ရည်မှန်းချက်များကို ပြည့်မှီစေသည်။ 2. #စိတ်ချမ်းသာမှုနှင့် ကျေနပ်မှု မိမိလိုချင်သောအရာကို ရရှိနိုင်ခြင်းသည် စိတ်ချမ်းသာမှုကို ပေးနိုင်သည်။ မိမိရည်မှန်းချက်များကို ပြည့်မီနိုင်သောအ...

chatgpt နဲ့စမ်းကြည့်ရမယ့် comments promptsလေးများ

ပြီးခဲ့တဲ့အခါတုန်းက chaptgpt ကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ https://kmtcreate.blogspot.com/2024/01/chatgpt.html ဆိုတာကိုတင်ပြခဲ့ပြီးပါပြီခင်ဗျ ဒီစာလေးကိုမဖတ်ရသေးဘူးဆိုရင်လဲ ဒီလင့်လေးကနေ ဖတ်ရှုပေးပါဦး https://kmtcreate.blogspot.com/2024/01/chatgpt.html အခုတင်ပြမှာကတော့ သင့်အနေနဲ့ chatgpt နဲ့စမ်းကြည့်ရမယ့် comments promptsလေးများဆိုတာပဲဖြစ်ပါတယ်ခင်ဗျ ဒါဆိုရင်စလိုက်ကြပါစို့ prompt လေးတွေကို အမှတ်ဆင်နဲ့ပူးတွဲပြီးဖော်ပြပါမယ်ခင်ဗျာ 1.Suggest unique and profitable side hustle ideas related to e-commerce or drop-shipping that require minimal upfront investment. 1. ကြိုတင်ရင်းနှီးမြုပ်နှံမှု တွင်အနည်းဆုံးလိုအပ်သော e-commerce သို့မဟုတ် drop-shipping နှင့် ပတ်သက်သည့် ထူးခြားပြီး အကျိုးအမြတ်ရနိုင်သော ထိရောက်မှုရှိစေနိုင်သော အကြံဉာဏ်များကို အကြံပြုပါတဲ့။ ဒါကတော့ ဥပမာတစ်ခုပေါ့နော်။ ဒီနေရာမှာ ကိုယ့်လုပ်ငန်းအတွက် အခြားအကြံဉာဏ်တွေကိုရရှိစေဖို့ prompts လေးတွေကိုလည်းရိုက်ထည့်အသုံးပြုနိုင်ပါသေးတယ်။ 2.Give me 10 high-income side hustle ideas that leverage the growing demand for remote work and online ...

ChatGPTကိုအသုံးပြုပြီး ပိုက်ဆံဘယ်လိုရှာမလဲ

ဒါလေးကတော့ ကျွန်တော်အင်တာနက်မှာဖတ်ပြီး တွေ့ရှိတဲ့ အကြောင်းအရာများနဲ့ မိမိိကိုယ်တိုင်တွေ့ကြုံရတဲ့ အတွေ့အကြုံများကို ပူးပေါင်းပြီးဖော်ပြထားတဲ့ ChatGPT ကိုအသုံးပြုပြီးဘယ်လိုပိုက်ဆံရှာမလဲ ဆိုတာလေးပဲဖြစ်သည်။ ChatGPT ကိုအသုံးပြုပြီးပိုက်ဆံရှာနိုင်မယ့်နည်းလမ်းများကတော့   1. Writing Articlesစာများရေးသားပြီး ဝင်ငွေရှာခြင်း ဒီနည်းကိုအသုံးပြုဖို့ဆိုရင် မိမိကိုယ်တိုင်ကလည်း ကိုယ်ရေးသားချင်သည့် ဘာသာရပ်အပေါ်မှာ အတော်အသင့်ကျွမ်းကျင်တက်မြောက်မှုရှိရမည်ဖြစ်သည်။ ဥပမာ အင်္ဂလိပ်လိုရေးသားမယ်ဆိုပါစို့ မိမိကိုယ်တိုင်လည်း အင်္ဂလိပ်စာကို တက်မြောက်နားလည်ထားဖို့လိုပါသည်။ ZipRecruiter ၏အဆိုအရ၊ freelance writers များသည် chatGPT ကိုအသုံးပြုကာ ပျမ်းမျှ နှစ်စဉ် $68,690 ရရှိပြီး အပတ်စဉ် $1,000 ထက်ပို၍ ရရှိကြောင်းသိရှိရပါသည်။ ChatGPT ကို အကြမ်းဖျင်းသတင်းအချက်အလက်များရရှိဖို့နဲ့ သုတေသနပြုရန်အတွက် အသုံးပြုနိုင်ပြီး၊ ၓက စာရေးရာတွင် ပိုမိုမြန်ဆန်စေရန် ကူညီပေးပါသည်။ ဆိုလိုသည်မှာ အချိန်နည်းနည်းဖြင့် ငွေပိုရှာနိုင်သည်ဟု ဆိုလိုသည်။ သင်၏ affiliate marketing ရှာဖွေရေးဝဘ်ဆိုက်အတွက် ဆောင်းပါးများရေးခြင်း ကြော်ငြာထုတ်ကုန်များကို...

အေအိုင်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေဘယ်လိုရယူနိုင်မလဲ

အေအိုင်ဟာ ကျွန်တော်တို့ကမ္ဘာကြီးမှာ မဖြစ်မနေကိုပြောဆိုနေကြတဲ့အကြောင်းအရာတစ်ခုပါ။ ဒါ့ကြောင့် အေအိုင် "AI TECHNOLOGY "နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဘယ်လိုရယူနိုင်မလဲဆိုတဲ့အကြောင်းအရာလေးကိုမျှဝေပေးလိုက်ရပါတယ်။ "အေအိုင်နဲ့ပတ်သက်တဲ့အချက်အလက်တွေကိုဘယ်လိုလေ့လာကြမလဲ" "HOW TO GET sources of information about AI" နံပါတ်၁ကတော့ ဝီကီပီးဒီးယားပဲဖြစ်ပါတယ် Wikipedia page on Artificial Intelligence ဒီလင့်ကနေနှိပ်ကြည့်ရင်လည်းရနိုင်သလို ဝီကီပီးဒီးယား ရဲ့ရှာရန်(သို့မဟုတ်) ရှာပါ ကနေလည်း  Artificial Intelligence ကိုနှိပ်ပြီးလည်းရှာနိုင်ပါတယ်။ ဝီကီပီးဒီးယားကတော့ အေအိုင်ရဲ့သမိုင်းဖြစ်စဉ်တွေနဲ့ အခြားအေအိုင်နဲ့ ဆက်စပ်တဲ့အရာတွေကိုအထူးဦးစားပေးဖော်ပြပေးမှာပါ။ နောက်ထက်နေရာတွေကတော့ TECH BLOGGERSတွေရဲ့ BLOGS တွေပဲဖြစ်ပါတယ် အထင်ရှားဆုံး BLOGS များကတော့ Science Daily: National Institute of Standards and Technology (NIST): ZDNet: တို့ပဲဖြစ်ပါတယ် နောက်ဆုံးကတော့  list of 100 best AI blogs. ပဲဖြစ်ပါတယ် ဒီဝက်စိုက်ကတော့ AI TECHNOLOGY နယ်ပယ်ရှိ နောက်ဆုံးထွက်တိုးတက်မှုများနှင့် ဖြစ်စဉ်များကို အတွင်းက...

လာမယ့်ဖေဖော်ဝါရီလကစပြီး google assistance မှာမရနိုင်တော့မယ့် လုပ်ဆောင်ချက် တစ်ဆယ့် ခုနစ်ခု

Google will discontinue 17 features from ‘Google Assistant’  on coming February. 1. Playing and controlling audiobooks on Google Play Books with your voice.  အသံဖြင့် Google Play Books တွင် အော်ဒီယိုစာအုပ်များကို ဖွင့်ခြင်းနှင့် ထိန်းချုပ်ခြင်း။ 2. Setting or using media alarms, music alarms, or radio alarms on devices. စက်များတွင် မီဒီယာနှိုးစက်၊ ဂီတနှိုးစက် သို့မဟုတ် ရေဒီယိုနှိုးဆော်သံများကို သတ်မှတ်ခြင်း သို့မဟုတ် အသုံးပြုခြင်း။ 3. Accessing or managing your cookbook, transferring recipes from device to device, playing an instructional recipe video, or showing step-by-step recipes. အချက်အပြုတ်နဲ့ပတ်သက်တဲ့စာအုပ်ကို ဝင်ရောက်ကြည့်ရှုခြင်း သို့မဟုတ် စီမံခန့်ခွဲခြင်း၊ ချက်ပြုတ်နည်းများကို စက်တစ်ခုမှ စက်တစ်ခုသို့ လွှဲပြောင်းခြင်း၊ သင်ကြားရေး ဟင်းချက်နည်းဗီဒီယိုကို ဖွင့်ခြင်း သို့မဟုတ် အဆင့်ဆင့်ချက်ပြုတ်နည်းများကို ပြသခိုင်းခြင်း။ 4. Managing a stopwatch on Smart Displays and Speakers. Smart Displays နှင့် Speakers များတွင် အချိန်မှတ်နာရီကို စီမံခန့်ခွဲခြင်း။ 5. Using your voice t...