#ရင်ထဲက ဆူးတချောင်း
#အရုပ်သည်
ဖြစ်ရပ်မှန်-သက်သေခံဝတ္ထုတို
* ကျွန်တော်သည် လူမျိုးရေးဝါဒီသမားမဟုတ်သလို လူမျိုးစွဲရှိခြင်းကိုလည်းမနှစ်သက်ပါ။
သို့သော် ကျွန်တော်သည် ကိုရီးယားလူမျိုးများကိုစိတ်ထဲတွင်လုံးဝမကြိုက်နှစ်သက်သည်သာမက မုန်းတီးစိတ်များပင် လွန်ခဲ့သော၃နှစ်ကာလထိ ကျွန်တော့်အသက်၅၀အရွယ်ထိရှိနေခဲ့ကြောင်းပထမဦးစွာဝန်ခံလိုပါသည်။
ဒါကအကြောင်းရှိပါသည်။ လွန်ခဲ့သောအနှစ်၃၀ခန့်ကကျွန်တော်နှင့်ကြုံဆုံခဲ့ဖူးသည့် ကိုရီးယားလူမျိုးအချို့ကြောင့်ပဲဖြစ်ပါသည်။
၁၉၉၀ခုနှစ်ကကျွန်တော်အသက်နှစ်ဆယ်အရွယ်ဂျပန်နိုင်ငံသို့ အလုပ်လုပ်ကိုင်ရန်သွားရောက်ခဲ့ပါသည်။
ဂျပန်နိုင်ငံတိုကျိုမြို့တွင် ကိုရီးယားလူမျိုးများစွာနေထိုင်ကြပါသည်။ မြန်မာနိုင်ငံရှိတရုတ်လူမျိုးကဲ့သို့တိုကျိုတွင်ကိုရီးယားလူမျိုးများစွာအခြေချလျက်နေထိုင်ကြပါသည်။
သမိုင်းကြောင်းများစွာဂျပန်နှင့်ကိုရီးယားသည်ထိစပ်နေပြီး လက်ရှိအခြေအနေတွင်မြောက်ကိုရီးယားကိုဘုံရန်သူအဖြစ်ထားကာယခုတိုင်မဟာမိတ်နိုင်ငံများအဖြစ်ရပ်တည်နေဆဲဖြစ်ပါတယ်။
ယဥ်ကျေးမူ့ကအစ နီးကပ်စွာတည်ရှိနေပြီးအစားအသောက်ကအစများစွာတူညီကြပါတယ်။
ဂျပန်သည်၁၉၉၀ပြည့်ကာလများကတည်းကထိပ်သီးနိုင်ငံဖြစ်လျှက်ရှိသောကြောင့်ကိုရီးယားများစွာအခြေချလျက်ရှိပြီးဂျပန်နှင့်သွေးနှောကာဂျပန်ဖြစ်သွားသူများမှာရာခိုင်နှုန်းအတော်များများရှိနေပါသည်။
ပညာရေးဆိုရင်ဂျပန်ကိုကြိုက်နှစ်သက်၍ဂျပန်ပြည်ရှိတက္ကသိုလ်များ၌ ပညာလာသင်သူကိုရီးယားများစွာ ရှိနေခဲ့ပါတယ်။တော်တော်များများသည်ဂျပန်နှင့်သိပ်ခွဲလို့မရပါဘူး။
ပထမဦး ကျွန်တော်ဆုံခဲ့သည့်ကိုရီးယားလူမျိုးမှာအသားကင်ဆိုင်ပိုင်ရှင် လူလတ်ပိုင်းလင်မယားတတွဲဖြစ်ပါသည်။ဂျပန်သို့ရောက်ရောက်ခြင်း အလုပ်လုပ်ခဲ့သည့်ဆိုင်ဖြစ်ပြီးဆိုင်ရှင်စုံတွဲမှာ အလွန်ရိုင်းစိုင်းသည်။အလုပ်ကို၅ရက်ပဲလုပ်ရသေးတယ် အိုးဆေးခိုင်းတာခြေထောက်နဲ့ကန်ခိုင်း၍ပြသာနာတက်ပြီးထွက်လိုက်ရပါသည်။
ဒီလိုနဲ့ကျွန်တော်လည်း လမ်းသရဲဘဝရောက်သွားရာ ကိုရီးယားလူမျိုးများစွာနဲ့ထပ်မံဆုံတွေ့ခဲ့ရသည်။
ဂျပန်နိုင်ငံတွင် 1990နှစ်လွန်များ၌နိုင်ငံခြားသား မြေအောက်ဒုစရိုက်ဂိုဏ်းများစွာရှိလာခဲ့သည်။တရုတ်လူမျိုးများမြွေခေါင်းဂိုဏ်းကအဆိုးဝါးဆုံးဖြစ်ပြီးလူသတ်ပြန်ပေးဆွဲခြင်းများအထိပြုလုပ်လေ့ရှိပါသည်။
မလေးတရုတ်နှင့်အီရန်အပါအဝင်ဂိုဏ်းများမှာများသောအားဖြင့်မူးယစ်ဆေးဝါးရောင်းဝယ်ခြင်း လက်နက်ရောင်းဝယ်ခြင်းတွေလုပ်ကိုင်ကြပါသည်။
ထိုနှစ်ကာလများက ဂျပန်လူဝင်မူ့ကြီးကြပ်ရေး ဥပဒေကိုအနည်းငယ်ဖြေလျော့ထားချိန် ဂျပန်နိုင်ငံအတွက် ရေနံအကျပ်အတည်းဖြစ်ဖို့ရှိနေချိန်တွင်အီရန်လူမျိုးများစွာက အီရန်အီရတ်စစ်ပွဲအပြီး ဂျပန်နိုင်ငံသို့ ခိုလှုံခွင့်ရရှိလာရာ တိုကျိုမြို့ပေါ်တွင် အီရန်လူမျိုးများမြင်လာရသလို ဘိန်းဖြူလည်းတဂရမ်ယန်း၂၅၀၀၀(မြန်မာငွေ၂သိန်းခွဲ ၁၉၉၄ခန့်စျေးနှုန်း)ဖြင့်ရနိုင်ပါသည့်အခြေအနေဖြစ်လာပါသည်။နိုင်ငံခြားသားဂိုဏ်းများမှာလုပ်စရာရှိလျှင် တဆုံးလုပ်လေ့ရှိပြီးများသောအားဖြင့်ဂျပန်လူမျိုးတို့အားမုန်းတီးစိတ်အခံဖြင့်လုပ်ကြခြင်းဖြစ်ပါသည်။နယ်ခံယာကူဇာများပင်နိုင်ငံခြားသားများကိုလျော့တွက်၍မရသောအခြေအနေ စောင့်ကြည့်ရသောအချိန်ဖြစ်ခဲ့သည်။
ထိုကာလ၌ကိုရီးယားဂိုဏ်းတဂိုဏ်းက ခါးပိုက်နှိုက်လောကကိုကြီးစိုးထားပါသည်။
ခေါင်းဆောင်ဖြစ်သူကအမျိုးသမီးတဦးဖြစ်ပြီးဂိုဏ်းဝင်တော်တော်များများကမိန်းမတွေဖြစ်ပါသည်။လက်သံကတော့ အလွန်ပြောင်လှပါသည်။သူတို့အုပ်စုရထားတစီးပေါ်တက်သွားရင် တစီးလုံးခါစင်းအောင်နှိုက်ပါသည်။
သူတို့မိန်းကလေးများကမလုံတလုံတွေဝတ်ထားတတ်ပြီးတဏှာရူးများကိုပစ်မှတ်ထားကာနှိုက်လေ့ရှိပါသည်။သူတို့နှိုက်ပြီးသမျှ ဘဏ်ကဒ်များ ကို အတုအပပြုလုပ်လိုသည့်အခါကျွန်တော်တို့ဆီလာရပါသည်။ ထိုအတုအပမှာကျွန်တော်တို့ပဲလုပ်တတ်၍ဖြစ်ပါသည်။ လုပ်ငန်းခြင်းဆက်နွယ်သလိုဖြစ်နေ၍ကိုရီးယား ဂိုဏ်းစတားများနဲ့လည်းကျွန်တော်များစွာသိကျွမ်းခဲ့သည်။တွေ့ဖူးသမျှယဥ်ကျေးသိမ်မွေ့သူမရှိပါ။ အလွန်ကြမ်းတမ်းသူများပင်ဖြစ်ရကား ကျွန်တော့်စိတ်ထဲတွင် ကိုရီးယားလူမျိုးဆို လူကောင်းရောလူဆိုးရော အလွန်ရိုင်းစိုင်းသူများဟုသတ်မှတ်ထားခဲ့မိပါသည်။
ဒီအကြောင်းတွေကလွန်ခဲ့သောအနှစ်၂၀ကျော်ကာလများပါ။2021ခုနှစ်ကျွန်တော်အသက်၅၀အရွယ်အရောက်မှာတော့ကျွန်တော်ဟာဘုရားသခင်ရဲ့ပို့ဆောင်မူ့နဲ့MRPST သမ္မာကျမ်းစာကျောင်းတက်ရောက်ဖို့ဖြစ်လာချိန်မှာ ကိုရီးယားလူမျိုးများနှင့်တဖန်ပြန်ဆုံစည်းရပါတယ်။MRPSTကျမ်းစာကျောင်းကိုကျွန်တော်ကမသိပါ။ယုံကြည်သူအဖြစ်သာပြောင်းလဲလာခဲ့တာဖြစ်ပြီး ခရစ်ယာန်နှင့်ပတ်သက်တဲ့အရာမှန်သမျှကျွန်တော်မသိခဲ့၍မိတ်ဆွေဆ ရာတဦး၏အကူအညီနှင့် ဤကျောင်းရဲ့နာယကဆရာဦးထွန်းလင်း(ကိုရီးယား)နှင့်ဆုံဖို့ဖြစ်လာပါတယ်။
ပထမဆုံးတွေ့တွေ့ချင်းနေ့မှာဦးထွန်းလင်းနှင့်အတူကျောင်းအုပ်ဖြစ်သူဦးမိုးဟိန်းတို့၂ယောက်နှင့်ကျွန်တော်တွေ့ခဲ့ရာအတော်အံ့အားသင့်ခဲ့ရပါတယ်။သူတို့၂ဦးလုံးကိုရီးယားများဖြစ်သော်လည်းပြုံးရွှင်သောမျက်နှာ နှစ်လိုဖွယ်ကောင်းသောအမူအယာများကြောင့်ကိုရီးယားနှင့်ဓာတ်မတဲ့အဆင်မပြေသောကျွန်တော့်အဖို့ အတော်တွေဝေခဲ့မိပါသည်။
MRPSTကျောင်းသည် လွန်ခဲ့သောအနှစ်၂၀ခန့်မှ ကိုရီးယားသာသနာပြုများမြန်မာပြည်တွင်သာသနာပြုလာခဲ့ပြီးကျမ်းစာကျောင်းကိုဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။ယခုဆိုအသင်းတော်ပေါင်းရန်ကုန်တိုင်းအတွင်း၅၀ခန့်ရှိနေပြီဖြစ်သည်။
ကျောင်းတွင်ဘာသာရပ်မျိုးစုံသင်ကြားရပါသည်။၅၀%မှာကိုရီးယားဆရာများဖြစ်ပါသည်။ သူတို့သည်အချို့ကကျွန်တော့်ထက်ငယ်ပါသည်။ပညာရပ်များကိုသင်ကြားပေးသည့်အပြင် ခရစ်ယာန်အသက်တာအတွက် အမူ့တော်ဆောင်ရန်အတွက်လူ့စည်းမျဥ်းစည်းကမ်းများကိုပါ သင်ပေးသည်။
နဂိုကတည်းက ကိုရီးယားမုန်းတီးရေးသမားကျွန်တော်မှာ သူတို့အကြောင်းတဖြည်းဖြည်းသိလာရပြီး သူတို့၏နူးညံ့သိမ်မွေ့မူ့ နိုမ့်ချတတ်ပုံများကိုမြင်တွေ့သိမြင်လာရပါသည်။ ကိုရီးယားလူမျိုးများနှင့်ကသိပ်မစိမ်းသလို တီဗီ ကလာသောကိုရီးယားကားများလည်းမြင်တွေ့နေကျဖြစ်သော်လည်း ကျွန်တော်တွေ့ဖူးခဲ့သောကိုရီးယားလူမျိုးများနှင့်ကွာခြားလှသဖြင့် အတော်စိတ်ထဲဆူးတချောင်းရှိနေသလိုလည်းခံစားမိသည်။
ဒီလိုနဲ့ဒုတိယနှစ်တွင်ကျွန်တော့်နှလုံးသားတွင်စိုက်နေသောဆူးတချောင်း တနည်းအားဖြင့်ကိုရီးယားတို့အကြောင်းကျွန်တော်မဝေခွဲနိုင်သည့်အကြောင်းကို ကျောင်းမှာစာသင်ပေးသောကိုရီးယားဆရာတဦးကို ကျွန်တော်မေးကြည့်မိပါသည်။
မေးကြည့်ရာတွင်ကျွန်တော့်အကြောင်းပြည့်စုံစွာပြောပြဝန်ခံပြီးမေးကြည့်ခဲ့ခြင်းပါ။
ကျွန်တော်က ဆရာတို့နှင့်ကျွန်တော်သိသောကိုရီးယားများအဘယ်ကြောင့်မတူသလဲဟုမေးကြည့်ခဲ့သည်။
ဆရာက ကိုရီးယားသည် များမကြာမီနှစ်ကာလကမှ ဘုရားသခင်ကိုသိကျွမ်းခွင့်ရရှိခဲ့ကာ အလွန်ဆင်းရဲသောနိုင်ငံမှ အလွန်တိုးတက်သောနိုင်ငံအဖြစ်ရောက်ရှိလာပုံ လက်ရှိတွင်လည်း မယုံကြည်သူ ဘုရားမဲ့သူများစွာရှိနေသေးကြောင်း ကျွန်တော်တွေ့ခဲ့ဖူးသောသူများမှာ ယုံကြည်သူများမဟုတ်ကြောင်း လက်ရှိထုတ်လွှင့်ပြသနေသောကိုရီးယားကားများ၌လည်းခရစ်ယာန်အသက်တာနှင့်ပတ်သက်၍ရိုက်ကူးခြင်းမျိုး ဘာသာတရားယုံကြည်ခြင်းအပေါ်ဇာတ်ဝင်ခန်းများမပါရှိခြင်းမှာလည်း ဤဇာတ်ကားများရိုက်ကူးသူများဇာတ်ဆောင်များကအစယုံကြည်သူများမဟုတ်ကြောင်းအများစုကခရစ်ယာန်များမဟုတ်ကြောင်း kpopအဖွဲ့များဆိုလျှင်ခရစ်ယာန်များမဟုတ်ကြကြောင်း ဒါကြောင့်ဝတ်ချင်သလိုဝတ် ဆိုချင်တာဆိုနေကြခြင်းဖြစ်ကြောင်းရှင်းပြခဲ့ပါသည်။
ကျွန်တော့်စိတ်ထဲတွင်ရှင်းလင်းသွားရသလိုဘုရားသခင်ကိုလည်းကျေးဇူးတင်မိပါသည်။
ကျွန်တော့်ရင်ထဲကဆူးတချောင်းကိုဘုရားသခင်သည်ဆွဲနှုတ်ပေးခဲ့ပါသည်။
ကျွန်တော့်ရင်ထဲမည်သည့်အရာကိုမှချည်နှောင်ထားတာမျိုးမရှိစေချင်သောဘုရားသခင်၏မြင့်မြတ်သောဂရုဏာတရားကိုကျွန်တော်အရမ်းခံစားခဲ့ရပါတယ်။
ကျမ်းစာအရကျွန်တော်တို့သည် မည်သူ့ကိုမှမုန်းလို့မရပါ။ ချစ်ရပါမည်။ ဘုရားက ချစ်ဖို့ပဲသွန်သင်ပို့ဆောင်ပါသည်။ ဘုရားသခင်သည် ကျွန်တော်တို့လူသားတွေကိုချစ်ဖို့အဘယ်ကြောင့် ပြောနေပါသနည်း?
အဖြေကတော့ လူတွေတယောက်နှင့်တယောက်မုန်းနေကြလို့ဖြစ်ပါသည်။ကျွန်တော်ယခုတော့ကိုရီးယားများကိုမမုန်းတော့ပါ။ကျေးဇူးတော်ကိုရေတွက်ရင်းချစ်နိုင်ပါပြီ။
အယောက်စီတိုင်းချစ်နိုင်ကြပါစေဗျာ။
#အရုပ်သည်
မြန်မာနိုင်ငံတွင် သာသနာပြုရောက်ရှိနေသောတိုင်းတပါးလူမျိုးသာသနာပြုဆရာဆရာမအားလုံးကိုလေးစားဂုဏ်ပြုမိပါသည်။

Comments
Post a Comment